ယခုဤကမ်ပိန်းကိုပိတ်ထားသည်။



မြန်မာအရေး-

In partnership with these Global Unions:
















ကုလသမဂ္ဂ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများနှင့်ပူးပေါင်း၍ စစ်အာဏာရှင်ကို ရပ်တန့်ရမည်။

မြန်မာ့ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုသည် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၂,၀၀၀ (နှစ်ထောင်) ကျော် သတ်ဖြတ်ခဲ့သည်။ ၁၄,၀၀၀ (တစ်သောင်းလေးထောင်) ကျော် ဖမ်းဆီးခဲ့ပြီး လူပေါင်း ၁,၀၀၀,၀၀၀(တစ်သန်း) ကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါသည်။

ယခုနှစ်တွင် အကြမ်းဖက်မှုနှင့် ပြစ်ဒဏ်ကင်းလွတ်မှု လှိုင်းသစ်တစ်ခုဖြင့် စစ်အုပ်စုသည် ဒီမိုကရေစီရေး လှုပ်ရှားသူ (၄) ဦးကို လူသိရှင်ကြား ကွပ်မျက်ခဲ့ပြီး နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးကို ထပ်မံ ကွပ်မျက်ရန် စီစဉ်လျက်ရှိသည်။ ယင်းအာဏာရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီး အာဆီယံရဲ့ သဘောတူညီချက်ငါးရပ်ပါ ကတိကဝတ်များ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တောင်းဆိုမှုကို ပယ်ချ ခဲ့သည်။

စစ်အာဏာရှင်များ၏ ပြောင်ပြောင်တင်းတင်း ရက်စက်ကြမ်းကြုတ်မှုများသည် ဆက်လက်ဖြစ်ပွားနေပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) ဖွင့်ပွဲနေ့တွင် စစ်အုပ်စုသည် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ အလုပ်သမား ၅ ဦးကို ဖမ်းဆီးခဲ့သည်။ သတင်းများအရ သမဂ္ဂအဖွဲ့ဝင်များသည် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး တစ်ဦးမှာ သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ကုလသမဂ္ဂအနေဖြင့် ဤကဲ့သို့ အကြမ်းဖက်ကျူးလွန်နေမှုကို ရပ်တန့်ရမည်။
သွေးစည်းညီညွတ်မှု နှင့် ဒီမိုကရေစီ စိတ်ဓာတ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) ကို အောက်ပါအတိုင်း တောင်းဆိုလိုက်သည်။

၁။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အရည်အချင်းများ အတည်ပြုခြင်းဆိုင်ရာအတွက် အကြံပြု တိုက်တွန်းပါ။

၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် မစ္စတာကျော်မိုးထွန်းအား ထပ်မံအတည်ပြုပါ။

၃။ ၂၀၁၈ ခုနှစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို အခြေခံ၍ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရှေ့မှောက်တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စစ်အာဏာရှင်တို့အား တာဝန်ခံမှု ရှိစေရေး ဆက်လက်ကိုင်ဆွဲပါ။

၄။ UNGA ဆုံးဖြတ်ချက် ၇၅/၂၈၇ အရ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု တားမြစ်ရေးနှင့် စစ်အာဏာ ရှင်များအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် လုံခြုံရေးကောင်စီအား တိုက်တွန်းပါ။




သင်၏စာကိုအောက်ပါအီးမေးလ်လိပ်စာများသို့ပို့လိမ့်မည်။
hucons.nyf@mfa.gov.hu, info.ny@mfa.gov.hu